Word # 4181 Edit
event_noteJan. 30, 2021, 1:28 p.m.
account_boxfixme fixme
timer00:09:24
Edit difference:
Actual version:
adhivuttipada
အဓိမုတ္တိပဒဟုလည်း ပါဌ်ရှိသည်၊ သို့သော် ဋ္ဌ-များ၌ ဝစန, ဝတ္တန, ပဝတ္တန-စသည်ဖြင့် ဖွင့်သည်ကို ထောက်လျှင် အဓိဝုတ္တိပဒ-ဟု ရှိသည်က သာ၍ကောင်းသည်။(ဝစန=ဝုတ္တိ။ ဝတ္တန=ဝုတ္တိ)သီ၊ဋီ၊သစ်၊၁၊၃၉၃-၌ကား အဓိမုတ္တိပဒကိုပင် သင့်အောင်ကြံထားသည်။] (၁)သဒ္ဒါမျှကိုသာစွဲ၍ ဖြစ်သော အမည်ပညတ်-အနက်ပေါ်၌ ပြောဆိုခေါ်ဝေါ်အပ်သော အမည်-ကို ပြတတ်သော-စကား-ပုဒ်။(သူဆင်းရဲကိုပင် မောင်ချမ်းသာ-ဟု ခေါ်ဝေါ်ခြင်းမျိုး)။(၂)သဒ္ဒါမျှကိုသာ စွဲ၍ ဖြစ်သော အမည်ပညတ်-အနက်ပေါ်၌ ပြောဆိုခေါ်ဝေါ်အပ်သော အမည်ပညတ်-၏-တည်ရာ-အကြောင်း-ဖြစ်သော ခန္ဓာ, အာယတန, ဓတ်တရား။(၃)ဟုတ်မှန်တိုင်းသော အနက်ကို လွှမ်းမိုးကျော်လွန်၍ ဖြစ်သော အယူမှားကို ပြတတ်သော-စကား-ပုဒ်-အခေါ်အဝေါ်။(၎)လွန်ကဲစွာ(သဘာဝဓမ္မတို့၌ မဟုတ် မမှန်သော အနက်ကို တင်၍)-ဖြစ်တတ်-ဖြစ်ခြင်းရှိ-သော အယူမှားကို ပြုတတ်သော-စကား-ပုဒ်-အခေါ်အဝေါ်။
There is also the word Adimuttipada. However, it is better to have Adhivuttipada as commentaries explain it by the words Vacana, vattana, pavattana, etc. (Vasana = Vutti. Vattana = Vutti). In Sī,ṭī-thit, 1,393, the word Adhimutti is considered appropriately. Speech-word that shows the name concept arisen based on grammar- name of meaning. (Such a calling even a poor boy 'Maung Chan Thar' (=Mr. Rich Man). (2) The Dhamma of Khandhā, Āyatana and Dhātu which are the cause upon which the name concept arised due to grammar only and name of meaning depend. (3) Speech-words that show wrong belief having gone beyond the true meaning. (4) Speech-word-term that makes wrong belief (that arises by taking wrong meaning in the natural phenomenon) exceedingly.