pm12e Project

loginLogin

Word # 2172 Edit

event_noteJan. 19, 2021, 7:29 p.m.
account_boxVajira Buddhi
timer04:36:31

Edit difference:

Actual version:

abhivagga


ဝဂီ-သံ။ ပိတ်ပင်-တားဆီး-ပယ်ထုတ်-မောင်းနှင်-သော၊ သူ။ သက်ရှိသက်မဲ့ သဘောတူအရာတို့၏ အစုအပေါင်း၊ ဝီလျံ။ သတ္တိ, စွမ်းအား။ ဝီလျံ၊ ကောတ္ထုဘ။ အဘိဝဂ္ဂ-ဟူသည် စစ်လက်နက်တစ်မျိုးပင် ဖြစ်ရာသည်၊ စစ်လက်နက်တို့တွင်လည်း ရွေ့ပြောင်းသယ်ယူရသည့် ပေါ့ပါးသေးငယ်သော လက်နက်မျိုး မဟုတ်ဘဲ တနေရာရာ၌ တပ်ဆင်ထားရသည့် လေးလံကြီးမားသော လက်နက်မျိုးဖြစ်ရာသည်၊ အဋ္ဌကထာ, ဋီကာ အဖွင့်များအရ ဆိုသော် အောက်ခံအခြေ၌ ထက်သော အသွားများဖြင့် ချိတ်တွယ်လျက် စက်ဖြင့် 'မ'ချီ၍ မောင်းတင်ထားပြီးလျှင် လိုအပ်သည့်အခါ ဖြုတ်ချကာ ရန်သူကိုနှိပ်စက်ချေမှုန်းသော လက်နက်မျိုးဟု ရိတ်စားမိရသည်။ ယင်းကို မြန်မာစသော အရှေ့တိုင်းနိုင်ငံတို့၌ အသုံးပြုသော စစ်လက်နက်တို့တွင် 'တုံးမောင်း'ဆိုသော လက်နက်တမျိုးပေလောဟု စဉ်းစားဖွယ်ရှိသည်။ အကြောင်းသော်ကား ယိုးဒယားမြို့တော်ကို မြန်မာစစ်တပ်က ဝိုင်းရံတိုက်ခိုက်သည့် အခန်း၌ 'မြို့ထိပ်များတွင် မြို့စီးပြစီးအပြည့်တင်ပြီးလျှင် ပြောင်း အမြောက် စီစဉ် ခင်းကျင်းလျက် လောက်လွဲ တုံးမောင်းစသော ဆင်ခလုပ်စိုက်ထားပြီးလျှင် တက်၍ မတိုက်ဘဲ သံမြို့နှင့် အတူ ကြံ့ကြံ့ခံနေလေ၏'ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ပဌမတွဲ နှာ ၎ဝ၂-၌ ပါရှိသည်။ ကောင်းတုံမြို့ ဗလမင်းထင်တပ်ကို တရုပ်တို့က ဝန်းရံတိုက်ခိုက်သည့်အခန်း၌...'ဗလမင်းထင်လည်း မြို့ထိပ်တပ်ထိပ်တို့၌ အမြောက် စိန်ပြောင်း လက်နက်အပြည့်အစုံတင်ပြီးလျှင် အထွေထွေတုံးမောင်းတင်သည်၊ စက်ယန္တရားစီရင်၍ ပစ်ခတ်ရိုက်ချသည်'ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်တောင်ကြီး ပဌမတွဲ-နှာ-၎၅၈-၌ ပါရှိသည်။] ရှေးရှူ-တူရူ-ထောင်ထားအပ်သော သစ်လုံးအစု၊ အလွန်လေးလံသော သစ်တုံးစသည်တို့၏ အစုအပေါင်း၊ အလွန်အင်အား ကြီးမားသော လက်နက်၊ တုံးမောင်း လက်နက်¿။

Vagī-Saṁ. block-prohibit-expel-drive; one. Mass of inanimate and inanimate objects. William. Courage, power. William, Kotthubha. Abhivagga is probably a military weapon. In the case of weapons, it is not a light weapon that can be moved, but a heavy weapon that can be mounted somewhere. According to the explanations of commentary and sub-commentary, after it is hooked with sharp edges at the base teeth at the base and lifted up by a machine and set up the trigger, then dropped to torture and crush the enemy. One might wonder if it was a weapon named "Tone Maung" of the military weapons used in Eastern countries such as Burma. Because in the chapter about the battle in which Myanmar army besieged the Capital, Yodaya, in Konbaung Era Maha Rāzawindawgyi Vol.1 Page 402, it reads "they did not come to fight but the defended the city firmly after poising the mortar and cannon and setting the catapult, Tone Maung. In its chapter in the Konbaung Era Maha Rāzawindawgyi Vol.1 Page 458 about the battle in which the Chinese besieged Bala Min Htin stronghold, it reads " Bala Min Htin too having mounted the cannon and mortar at the front of the city, set up Tone Maung, shot and stroke with the machine.] A collection of very heavy logs that are set up towards sth; Very powerful weapons; Tone Maung weapon ¿.

Other edits:

1 2 3 4